Wednesday, August 8, 2012

အားပေးသံလေး

         ဓမ္မကြေးမုံ ရှင်သာမဏေစောင့်ရှောက်ရေးအသင်းဟာ ဘာသာရေးကိုစိတ်ဝင်စားတဲ့
လူငယ်တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ ဖြတ်သန်းလာတဲ့
တစ်လျှောက်မှာ အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရပေမဲ့ ဒီဘာသာ ဒီသာသနာရဲ့ မျိုးဆက်
အသစ်ဖြစ်တဲ့ ရှင်သာမဏေများကို စောင့်ရှောက်ပေးခွင့်ရနေကြလို့ အခက်အခဲများထဲမှ
ကြည်နူးမှုတွေနဲ့အတူ ဆက်လက်လျှောက်လှမ်းနေပါတယ်။

                     ၆-၈-၂၀၁၂နေ့မှာတော့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊
၈၇-လမ်း၊ ၃၇-၃၈လမ်းနေ ကွယ်လွန်သူ ဦးကိုလေးအား ရည်စူးပြီး အလှူရှင်
ဒေါ်ခင်စိန် သမီးဖြစ်သူ မခင်မာလွင်တို့မှ ငွေကျပ်(၁၀)ဆယ်သိန်းကို လာရောက်
လှူဒါန်းခဲ့ပါတယ်။
         အလှူရှင်တွေပြောကြားသွားတဲ့စကားသံတွေဟာ ဓမ္မကြေးမုံအသင်းသူ/သားတွေအတွက်
အားဆေးတစ်ခွက်ဖြစ်ခဲ့တယ်။ အခုလာလှူတာဟာ ပိုက်ဆံရှိလို့ လှူတာမဟုတ်ဘူး ဆောင်ရွက်
နေတာတွေ လက်တွေ့မြင်နေရလို့ လှူချင်လို့ကို ရွှေလေးရောင်းပြီးလာလှူတာပါလို့ ပြောကြား
သွားပါတယ် ဒီအားပေးစကားသံတွေနဲ့အတူ ရှင်သာမဏေလေးတွေအတွက် ဆက်လက်လုပ်
ဆောင်သွားပါ့မယ်လို့ အလှူရှင်တို့ကို ဂုဏ်ပြုစကားလေးပြောလိုက်ပါရစေ........။

No comments:

Post a Comment