Tuesday, June 26, 2012

သာသနာ့ဇောတိက ကျောင်းတွင် သွားရောက်ခဲ့ပုံ

Tuesday, June 12, 2012

အမေ နဲ့ အတူတူ သင်္ကန်းလှုဖြစ်ခဲ့တယ်

Saturday, June 2, 2012


သာသနာေ၇ာင်ဝါထွန်းစေဖို့ ရှင်သာမဏေများကိုစောင့်ရှောက်စို့

ဇာတိချက်ကြွေ ကပိလ၀တ်ရွှေနန်းတော်သို့  ကြွမြန်းလာသော ဘုရားရှင်ကို အမွေတောင်းခံသည့် သားတော်ရာဟုလာ အားလောကီဘ၀က ဖွားဘက်တော်ရွှေအိုးကြီး လေးလုံးကို အမွေမပေးဘဲ ရှင်သာမဏေ၀တ်၍ သာသနာအမွေပေးခဲ့၇ာ သာတော်ရာဟုလာသည် သာမဏေဘ၀မှာပင် ရဟန္တာဖြစ်၍ သန္တိသုခနိဗ္ဗာန်အမြိုက်ကို ရရှိခဲ့လေသည်။
      ထေ၇၀ါဒသာသနာတွင် ပိဋ္ဋကတ်သုံးပုံကိုအာဂုံဆောင်ကြကုန်သောသာသနာ့အဓိပတိကြီးများ၊ဓမ္မစေတီထိုက်ကုန်သော သာသနာ့အာဇာနည် မထေရ်မြတ်ကြီးများသည် ပရိယတ္တိစာပေများကို သာမဏေဘ၀မှာပင် နေ့ညမပြတ်သင်အံ့ ကျက်မှတ်လေ့လာခဲ့၇လေသည်။
အဆိုပါ သာသနာ့ အရင်းမြစ်ဖြစ်သော သာမဏေငယ်များကို ပြူစုပံ့ပိုး ကူညီစောင့်ရှောက်ပေးခြင်းသည် သာသနာတော်ကို ကြီးစွာသော အထောက်ပံ့ဖြစ်စေသည်မှာ အမှန်ပင်ဖြစ်ပါသည်။သာသနာ့အာဇာနည် အပင်ကြီးများ ပေါ်ပေါက်လာနိုင်စေရန် သာသနာ့ အပင်ငယ် အညွန့်အညှောက်အပေါက်ကလေးများကို ရေလောင်းခြင်း ပေါင်းသင်ခြင်း မြေစွခြင်း မြေသြဇာကျွေးခြင်း ထေ၇၀ါဒ ပင်စည်ကြီး ခိုင်ဖြိုးဝေဆာ သန်မာလာမည်မှာ မလွဲသေချာအမှန်ပင်ဖြစ်ပါသည်........ဟု ခံယူကျင့်သုံး၍ အသင်းသားတစ်ေ၇ာက်လျှင် အနဲဆုံး တစ်လလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် စုပေါင်းကာ တတ်စွမ်းသ၍ ကုသိုလ်ယူ လုပ်ကိုင်လျှက်ရှိပါသည်။

အသင်းသူ/သားများမှ ရှင်သာမဏေလေးများကို စောင့်ရှောက်မှုပေးနေပုံ


ရှင်သာမဏေစောင့်ေ၇ှာက်ေ၇းအသင်း ၇ည်၇ွယ်ချက်

၁။မြတ်စွာဘု၇ားသာသနာတော်တိုးတက်ပြန့်ပွားစေ၇န်။
၂။ဗုဒ္ဓဘာသာလူငယ်များကို ဘာသာေ၇းနှင့် ရင်းနှီးကျွမ်းဝင်စေပြီး ပ၇ဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာနိုင်စေ၇န်။
၃။သာသနာတော်တွင် ရေသောက်မြစ်သဖွယ်ဖြစ်သော ရှင်သာမဏေငယ်များ ပရိယတ္တိစာပေသင်ယူ၇ာတွင် အနာရောဂါအမျိုးမျိုးကြောင့် အနှောက်ယှက်မဖြစ်စေ၇န်။
၎။ဓမ္မရင်ခွင်တွင် ခိုလှုံနေကြသော မိဘမဲ့ကလေးငယ်များ ပညာရေး ကျန်းမာေ၇းကို တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေး၇န်။
၅။မိမိတို့နှင့် ရည်ရွယ်ချက်ချင်းတူသော ပ၇ဟိတအဖွဲ့များနှင့် ပူပေါင်းပြီး ဘာသာရေး လုပ်ငန်းများ အတူလက်တွဲလုပ်ဆောင်ရန်။